ချေးငွေဆပ်မည့်ရက် ပြောင်းရွှေ့ခြင်း လမ်းညွှန်

အကယ်၍ သတ်မှတ်ရက်မှာ ပြန်လည်ပေးဆပ်ဖို့ မဖြစ်နိုင်ပါက သင် ဘာလုပ်သင့်သလဲ။

စိတ်မပူပါနဲ့။ ကျွန်ုပ်တို့ရဲ့ Customer များကို အစဉ်အမြဲဂရုစိုက်ပြီး အခက်အခဲများကိုလဲ နားလည်ပါတယ်။ ပြန်လည်ပေးဆပ်ဖို့အတွက် အခက်အခဲရှိခဲ့ပါက အောက်ပါ ၃ ချက်ထဲက တစ်ချက်ကို ပြုလုပ်နိုင်ပါတယ်။

  • 1 ထိုနေ့မှာ ကျသင့်ပြီးတဲ့ ဝန်ဆောင်ခနဲ့ နောင်ထပ်တိုးယူသော ကာလအတွက်ကျသင့်တဲ့ ဝန်ဆောင်မှုတွေကို ပေးပြီးတော့ ကာလထပ်တိုးခြင်း။
    ဥပမာ - Customer ဟာ ၅၀၀၀၀ ချေးယူစဉ်က ၁၀ ရက်မှာ ဆပ်မယ်လို့ သဘောတူထားပေမယ့် ၁၀ ရက်ပြည့်တဲ့အခါမှာ မဆပ်နိုင်ပဲ နောက် ၇ ရက်နေမှ ဆပ်မယ်ဆိုပါစို့။ ဒီလိုဆိုရင်သူဟာ ၁၀ ရက်အတွက် ဝန်ဆောင်ခ ၅၀၀၀ ကျပ် နဲ့ နောက်ထပ်တိုး ၇ ရက်အတွက် ဝန်ဆောင်ခ ၃၅၀၀ ပေါင်းပြီး ၈၅၀၀ ကျပ်သာ အရင်ပေးထားနိုင်ပါတယ်။ နောင် ၇ ရက်အကြာမှာ ပြန်ဆပ်တဲ့အချိန်မှာတော့ စတင်ချေးယူပမာဏဖြစ်တဲ့ ၅၀၀၀ ကျပ်ကိုသာ ပေးနိုင်ပါတယ်။
  • 2 တကယ်လို့ ရက်ပြည့်တဲ့နေ့မှာ မူရင်းပမာဏကော ဝန်ဆောင်ခကော မပေးနိုင်ခဲ့ဘူးဆိုရင် Prolongation ငွေအနေနဲ့ ၅၀၀၀ ကျပ်ကို ပေးနိုင်ပါတယ်။ ငွေကို ဆက်လက်ယူထားပြီး ပြန်လည်ပေးအပ်တဲ့အချိန်မှာတော့ စုစုပေါင်း ကျသင့်တဲ့ ဝန်ဆောင်ခနဲ့ချေးယူငွေကို တစ်ပေါင်းတည်း ပေးဆပ်နိုင်ပါတယ်။ အမြန်ဆုံးပြန်လည်ပေးဆပ်ဖို့တော့ တိုက်တွန်းလိုပါတယ်။
  • 3 တက်နိုင်သမျှ ဖြစ်တဲ့နည်းနဲ့ ပြန်လည်ဆပ်ပေးဖို့ တိုက်တွန်းပါတယ်။ ပြန်လည်ဆပ်ပြုခြင်း မလုပ်ပဲ ရှောင်ဖယ်နေမယ်ဆိုပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမှာ ဖြစ်ပါတယ်။