ကြိုတင်ငွေ လက်ခံယူရန် လွယ်ကူသော အဆင့် ၃ ဆင့်

  1. ၁။

    အွန်လိုင်းမှ လျှောက်ထားခြင်း

    • မိုက်ခရိုမန်းနီး၏ ပင်မစာမျက်နှာသို့ သွားပါ
    • နဂိုပါရှိပြီးဖြစ်သော ဘားတန်းလေးအား အသုံးပြု ညှိနှိုင်း၍ သင်အသုံးပြုမည့် ငွေပမာဏကို ချိန်ဆပါ။
    • သင်၏ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာကို ဖြည့်သွင်းပါ။ ထို့နောက် “လျှောက်ထားမည်” ဟူသော နေရာအား နှိပ်ပါ။
    • နေရာအားလုံးကို ဖြည့်သွင်းပါ။ - * ပြထားသော နေရာများမှာ မဖြစ်မနေဖြည့်ရမည့် နေရာများ ဖြစ်သည်။ သင်၏ မှတ်ပုံတင်နှင့် ဘဏ်အကောင့်နံပါတ်တို့ကို (အင်္ဂလိပ်လို ဖြည့်သွင်းပါက ပိုမို အဆင်ပြေပါသည်။)
    • ”ပြီးဆုံး” ကို နှိပ်ပါ။
    • ကျွန်ုပ်တို့ထံမှ ဖုန်းကို စောင့်ဆိုင်းပါ။ ရှေ့တွင်းစောင့်ဆိုင်းနေကြသော လူအနည်းအများအပေါ် မူတည်၍ ပုံမှန်အားဖြင့် ၆ နာရီမှ တစ်ရက်အထိ ကြာမြင့်နိုင်ပါသည်။
    • အခြေခံစည်းမျဉ်းများ - ချေးငွေသည် မိမိလစာ၏ ၄၀% အထိသာ ချေးပေးပါသည်။
      - ပထမချေးငွေ - သင်၏ ဘဏ်အကောင့်ထဲသာ ထည့်ပေးပါမည်။
      - ဒုတိယချေးငွေ - ဘဏ်အကောင့်သို့မဟုတ် အခြား ငွေလွှဲသည့် စနစ်
      - ပိုမိုများပြားသောချေးငွေများ ရယူရန် အနည်းဆုံးအသုံးပြုရမည့် အချိန်ကာလ - ပထမဆုံးအကြိမ်တွင် အနည်းဆုံး ၁၄ ရက် အသုံးပြုရမည်။
      - နောက်ထပ်ချေးငွေအား ရှေ့ချေးငွေပြန်လည်ပေးဆပ်ပြီး ၅ ရက်အကြာတွင် ရယူနိုင်ပါသည်။
      - ထပ်ချေးငွေ သို့မဟုတ် ရက်တိုးခြင်း : နောက်ထပ် မိသားစုဝင်နှစ်ဦး၏ အဆက်အသွယ်များ
  2. အတည်ပြုချက်အား စောင့်ဆိုင်းပါ

    • ကျွန်ုပ်တို့ထံမှ ဖုန်းကို စောင့်ဆိုင်းပါ။ ရှေ့တွင်းစောင့်ဆိုင်းနေကြသော လူအနည်းအများအပေါ် မူတည်၍ ပုံမှန်အားဖြင့် ၆ နာရီမှ တစ်ရက်အထိ ကြာမြင့်နိုင်ပါသည်။
    • ဖုန်းခေါ်မှုထံမှာ ကြိုတင်အတည်ပြုချက်ကို ရယူပါ။
    • ဤနေရာတွင် သင်၏ ကြိုတင်ယူငွေအား အတည်ပြုရန်အတွက် လုံလောက်သော အချက်အလက်များကို လိုအပ်ပါသည်။ သို့သော် နောင်အကြိမ်များတွင်မူ ဤအဆင့်အား မလိုအပ်တော့ပဲ သင့်ထံမှ ဖုန်းခေါ်လိုက်ရုံဖြင့် ၂၄ နာရီအတွင်း ကြိုတင်ယူငွေကို ရယူနိုင်ပါသည်။
  3. ငွေအား လက်ခံရယူပါ

    ငွေအား ၂၄ နာရီအတွင်း လက်ခံရယူပါ။

    • ၁.သင်၏ ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းပေးခြင်း
    • - ဤနည်းဖြင့် ငွေလက်ခံရယူရန် သင်သည် KBZ (သို့) CB (သို့) AYA ဘဏ်တွင် ဘဏ်အကောင့်တစ်ခု ရှိရပါမည်။ အကယ်၍ သင့်ထံတွင် မရှိသေးပါက ပြုလုပ်ထားပါရန် အကြံပေးပါသည်။ ဘဏ်အကောင့်တစ်ခုပြုလုပ်ရန် သင်၏ မှတ်ပုံတင်ကဒ်သာ လိုအပ်ပါသည်။br> - သင်၏ ဘဏ်အကောင့်နံပါတ်အား ဘဏ်စာအုပ်၏ ပထမစာမျက်နှာတွင် ရေးသားထားပါသည်။ ယေဘုယျအားဖြင့် ဂဏန်း ၁၆ လုံးမှ ၁၇ လုံးခန့်အထိ ရှည်လျားပါသည်။
      - ဤနံပါတ်ကို ကျွန်ုပ်တို့အား ပြောပြရန်လိုအပ်ပြီး ကျွနု်ပ်တို့မှ သင်၏ ဘဏ်ကောင့်ထဲသို့ တိုက်ရိုက် ငွေလွှဲပေးမည်ဖြစ်ပါသည်။

    • ၂.အခြား ငွေလွှဲစနစ်များအား အသုံးပြုခြင်း
    • - အခြားသော ငွေလွှဲစနစ်များဖြစ်သည့် OK$, WaveMoney, နှင့် MyKyat များကို အသုံးပြု၍လည်း သင်၏ ကြိုတင်ယူငွေကို လက်ခံနိုင်ပါသည်။
      - ယင်းစနစ်များ၏ မိုဘိုင်းလ် အပလီကေးရှင်းများကို ယင်းတို့၏ အင်တာနက်စာမျက်နှာတွင် သွားရောက်ဒေါင်းလုပ်ယူနိုင်ပါသည်။ (စနစ်တစ်ခုတည်းကိုသာ အသုံးပြုရန် အကြံပြုပါသည်။)
      OK$ အား ဒေါင်းလုဒ်ပြုလုပ်ရန်
      WaveMoney အား ဒေါင်းလုဒ်ပြုလုပ်ရန်
      - သင်၏ ဖုန်းနံပါတ်သည် သင်၏ အကောင့်နံပါတ်ပဲ ဖြစ်ပါသည်။
      - ဤနံပါတ်အားအသုံးပြု၍ သင့်ထံသို့ ငွေလွှဲပေးမည်ဖြစ်ပါသည်။
      - သင့်အကောင့်ထဲဝင်လာပြီဆိုသည်နှင့် အနီးရှိ အေးဂျင့်တွင် သင်၏ငွေကို ထုတ်ယူနိုင်ပြီဖြစ်ပါသည်။
    • ၃.ဘဏ်မှတစ်ဆင့် လွှဲခြင်း
    • - ဤနည်းဖြင့် ငွေလက်ခံရယူရန် သင်သည် နီးစပ်ရာ CB (သို့) KBZ (သို့) AYA ဘဏ်များသို့ သွားရန် လိုအပ်ပါသည်။
      - သင်၏ မှတ်ပုံတင်အမှတ်အား ကျွန်ုပ်တို့မှ လိုအပ်မည်ဖြစ်ပြီး မှန်ကန်သော အချက်အလက်များကို ပေးရန် လိုအပ်ပါသည်။ (သင်၏ မှတ်ပုံတင်ပါ အမည်နှင့် နံပါတ်)
      - ထို့နောက် သင်လွှဲခိုင်းလိုက်သော ဘဏ်ထံသို့ ငွေအား လွှဲလိုက်မည် ဖြစ်ပါသည်။
      - သင်၏ မှတ်ပုံတင်ကဒ်အား ယူသွား၍ ဘဏ်တွင် ကြိုတင်ယူငွေကို သွားရောက် ထုတ်ယူနိုင်ပါပြီ။